ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အသက်၃၅နှစ်ကနေ အသက်၆၅နှစ်အထိရှိတဲ့ အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးဆိုပြီး အဖွဲ့တွေဖွဲ့ပေးကာ စစ်သင်တန်းတွေ ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက်အလိုက် စစ်သင်တန်းပို့ချပေးနေတာဖြစ်ပြီး ၁ရပ်ကွက်ကို အယောက်၅၀ကနေ အယောက်၆၀အထိ ပါဝင်ကြရတယ်လို့ ပြောပါတယ်။

“အခုအပတ်စဥ် စစ်သင်တန်းတက်နေတာ အမှတ် ၁၂ ရပ်ကွက်က သက်ကြီးရွယ်အိုတွေပေါ့။ အဓိကကတော့ ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ သူတို့နဲ့ပတ်သက်သူတွေများတယ်”လို့ မအူပင်မြို့နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“သင်တန်းပေးနေတာကတော့ မအူပင်အခြေစိုက် ခလရ ၂၇ က ပေးနေတာ။ စက်တင်ဘာလ ၂၅ရက်နေ့က သင်တန်းစပေးမယ်လို့တော့ ကြားထားတယ်။ အရင်ကလည်း အမှတ်၂၇ တပ်ရင်းထဲမှာ ပြည်သူ့စစ်သင်တန်း ဆိုပြီး ပြည်သူ့စစ်တွေ၊ စစ်တပ်သတင်းပေးတွေကို လက်နက်ငယ်သင်တန်းတွေ လစဥ်ပေးခဲ့တာတွေလည်း ရှိတယ်” လို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေးစစ်ပွဲတွေကြောင့် အင်အားလျော့နည်းလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးချတာ၊ ပေါ်တာဆွဲတာ စတဲ့ နည်းမျိုးစုံနဲ့ အရပ်သားတွေကို စစ်တပ်ထဲ ဆွဲခေါ်နေတာဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ အသက်ကျော်လွန်တဲ့ အမျိုးသားတွေကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သင်တန်းပေးနေပြန်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် သင်တန်းပို့ချထားတဲ့ သက်ကြီးရွယ်အို ပြည်သူ့စစ်တချို့ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါ ၄ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စု ဂျက်ဖိုက်တာနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသား ၁ ယောက် သေဆုံးပြီး ကလေး ၂ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် စစ်တပ် ပြည်သူ့စစ်မှုထမ်း စစ်သား ၂ ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။