ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက် ဒီနေ့မနက်ပိုင်းက သံတွဲမြို့တော်ခန်းမနဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေ အပါအဝင် ပတ်ဝန်းကျင်တဝိုက် နေအိမ်တွေအပေါ် လေကြောင်းကတစ်ဆင့် ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးမှုများပြားသလို ပြည်သူတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေလည်း များပြားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – စက်တင်ဘာလ ၂၆ ရက်က စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ပေါ်က သေဆုံးသွားတဲ့ ကလေးငယ်အပါ ရုပ်အလောင်းများနဲ့ ပျက်စီးမှုများ

0 Shares:
You May Also Like
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စားသောက်ကုန်တွေ လှူဒါန်း (ဓာတ်ပုံသတင်း)

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ စစ်တောင်းမြစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ရဲဘော်တွေဟာ စားနပ်ရိက္ခာတွေ ကူညီလှူဒါန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းတွင် စစ်တပ် လေကြောင်းဗုံးကြဲကာ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။