အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ IHL သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် – ABSDF) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီသင်တန်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေရဲ့ အခြေခံသဘောတရားတွေ၊ အသုံးချမှုနဲ့ ကန့်သတ်ချက်တွေ၊ အကောင်ထည်ဖော်မှု လုပ်ငန်းစဉ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အကြောင်း ကျယ်ကျယ်ပြန့်ပြန် သင်ကြားခဲ့တယ်လို့ သိရပါတယ်။

IHL သင်တန်းမှာ စစ်မြေပြင်ရောက်နေတဲ့ စစ်သားတိုင်း လိုက်နာ‌စောင့်ထိန်းရမယ့် ကျင့်ဝတ် စည်းကမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ စစ်သုံ့ပန်းတွေအပေါ် ဘယ်လိုပြုမူဆက်ဆံရမလဲ၊ စစ်သုံ့ပန်းတွေကို သူတို့ကျုးလွန်ခဲ့တဲ့ ပြစ်မှုအမျိုးအစားအပေါ် မူတည်ပြီး ဘယ်လိုအရေးယူ ဆောင်ရွက်သင့်တယ်ဆိုတာနဲ့ အရပ်သားပြည်သူတွေကို အရပ်ဘက် အရာဝတ္ထုတွေကို ဘယ်လိုမျိုး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမယ် ဆိုတာတွေပါ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်အချို့ကို ခရိုင် ပကဖက ဆေးဝါးထောက်ပံ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ သတင်းတာဝန်ခံနဲ့ ပကဖရဲဘော်​တွေဟာ (၅) နှစ်အောက် ကလေးသူငယ်တွေ အရေးပေါ်ဖျားနာမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး စစ်ရှောင်အချို့အတွက် ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။