မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၇ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းခြံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၅) စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖုံရွာ(ရသာရွာ) ကို ပိတ်ဆို့ဝင်ရောက်ကာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ် တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါတယ်။ 

“မနေ့က မနက်၇နာရီလောက်မှာ  မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်” လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။

သေဆုံးသူတွေဟာ ကိုအောင်ကျော်ဇင် (၅၃)နှစ်၊ ကိုဝင်း (၅၂)နှစ် နဲ့ ကိုကျော်စွာဝင်း (၄၅)နှစ်တို့ဖြစ်ပြီး  သေဆုံးသူတွေကို လက်နက်တွေနဲ့ တွဲပြီး အမှုဆင်သွားခဲ့သေးတယ်လို့ သိရပါတယ်။ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး( MDSO ) နဲ့အတူတော်လှန်ရေးတပ်တွေ အားကောင်းလာတာနဲ့အမျှ စစ်ကောင်စီအနေနဲ့ နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်တာတွေအပြင် စစ်ကြောင်းထိုး မီးဝင်ရှို့ပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ် အမှုဆင်ခဲ့တဲ့ ဖုံရွာ (ရသာရွာ) ရွာသားများ

0 Shares:
You May Also Like
Read More

အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ပျူစောထီး၊ အုပ်ချုပ်ရေးဝန်ထမ်းများကို အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ ပျူ ၇ယောက်သေ၊ တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့  ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

ကျိုက်မရောမှာ ကောက်ယူရရှိသည့် စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲတာကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကောက်ယူရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီထုတ် မိုင်း ၂ လုံးကို ထုခွဲရာက အရပ်သား ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။