ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊  အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ ရံပုံငွေပွဲကနေ ရရှိလာတဲ့ လှူဒါန်းငွေတွေထဲက ဂျပန်ယန်း ၆၇၅,၅၁၇ ကို အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဆီ လှူဒါန်းတဲ့ အစီအစဉ်ကို စက်တင်ဘာလ ၁၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဂျပန်နိုင်ငံရေးရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်းနဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ရုံးအဖွဲ့ဝင်တွေ၊ ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ လက်ခံရရှိတဲ့ လှူဒါန်းငွေတွေကို  ရေဘေးသင့်ပြည်သူတွေ ကူညီထောက်ပံ့ရေးနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးတို့ကို ဆက်လက်ပြုလုပ်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Charity Event for Amay Suu’s 79th Birthday

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

မဟာဗျူဟာကျတဲ့ လမ်းကြောင်း ၁၅ ခု အပါအဝင် တစ်နိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

နိုင်ငံတစ်ဝန်း မဟာဗျူဟာကျပြီး အရေးပါတဲ့  ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ၁၅ ခုလောက်ကို စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

တစ်နှစ်တာအတွင်း ရခိုင်မှာ အရပ်သား ပြည်သူ ၇၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တစ်နှစ်တာ အတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့  အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကနေ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း (P2-3702) က ဒီနေ့ ထုတ်ပြန်ပါတယ်။