ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းမှာတော့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးသင်ခန်းစာတွေ ပို့ချခြင်း၊ အဖွဲ့နဲ့ တပ်တော်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဖြတ်သန်းမှုတွေ မျှဝေခြင်း၊ အ‌ခြေခံစစ်ပညာကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ၂ လခွဲကြာ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်အုပ်စု မူးယစ်ဆေးသမားများကို ပိုက်ဆံပေးပြီး မြို့ပေါ် မိုင်းခွဲခိုင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြို့နယ်အသီးသီး၊ နေရာအသီးသီးမှာ ထိခိုက်သေဆုံးမှုတွေ များလာတာကြောင့် မူးယစ်ဆေးသမားတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်မှာ မိုင်းခွဲခိုင်းတာမျိုးတွေ လုပ်လာတယ်လို့ ဖားကန့်မြို့ခံတချို့က ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို မြို့နယ် ပကဖ က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံကာ ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။