ကိုးကန့်တပ် (MNDAA) ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွ ပူးပေါင်းပြီး အပစ်အခတ်ရပ်စဲမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

MNDAA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာတွေ၊ စစ်မြေပြင်ချဲ့ထွင်တာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။ 

MNDAA ရဲ့ အဲဒီကြေညာချက် ထုတ်ပြန်အပြီး ညတွင်းချင်းကိုပဲ MNDAA ထိန်းချုပ်ဧရိယာဖြစ်တဲ့ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်မရှိဘူးဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ 

“ဒီသဘောက စစ်ကောင်စီအနေနဲ့ MNDAA ရဲ့ ကမ်းလှမ်းမှု၊ တရုတ်ဝင်စေ့စပ်မယ်ဆိုတာကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ အခြေအနေမျိုး တွေ့ရတယ်။ MNDAA အနေနဲ့ သူတို့ ကျူးကျော်စစ် မလုပ်ဘူး… local war အနေနဲ့ မချဲ့ပါဘူးဆိုတာကိုလည်း စစ်ကောင်စီက လက်မခံနေဘူး။ သူတို့ကတော့ မရဘူး ပြန်တိုက်မှာပဲဆိုတဲ့ အနေအထား… နောက်တစ်ခုက ဒါက အောက်ခြေက စစ်သားတွေ တက်ကြွလာအောင် လုပ်နေတဲ့ အနေအထားလို့လည်း မြင်မိတယ်။” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

ကိုးကန့်တပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့တော်တော်များများကို အလျင်အမြန် သိမ်းပိုက်ခဲ့တာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အားသာချက်၊ အားနည်းချက်တွေကို MNDAA အနေနဲ့ သိရှိထားတဲ့ အနေအထားလို့လည်း ဆိုရမှာပါ။ 

“ခံစစ်ဆိုတာမှာ နေရာခံစစ်နဲ့ လုပ်နေရင်တော့ ရေရှည်မှာ ခံစစ်ဆင်တဲ့ သူဘက်က ရှုံးတယ်ဆိုတာကို စစ်သဘောသဘာဝအရ ကောက်ချက်ချလို့ ရပါတယ်။ အဲ့တော့ စစ်ကောင်စီက မြို့တွေကို ပြန်လည်သိမ်းပိုက်လာမယ်ဆိုရင် အကောင်းဆုံး ခံစစ်ဟာ ထိုးစစ်ပါ။ ခံစစ်နဲ့ ရေရှည်နေရင် တိုက်တဲ့ သူဘက်ကနိုင်ပါတယ်။ ဒါကြောင့် MNDAA က သူတို့ဆက်ပြီး အောင်မြေချဲ့မှ သူတို့ရရှိပြီးသား နယ်မြေတွေကို ရေရှည်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုးစစ်အသွင်ရှိတဲ့ ခံစစ်ကို မြင်ရတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။” လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။ 

လက်ရှိမှာ MNDAA က သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပေးမယ့် အနေအထားမရှိသလို စစ်ကောင်စီကလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကိုတောင် လက်မခံဘူးဆိုတဲ့ သဘောထားကို ပြသနေတာကြောင့် အခြေအနေတွေ ပိုမိုတင်းမာလာနိုင်ခြေ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်ကောင်စီအဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် ဗိုက်ပွင့် သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့လုပ်တဲ့ စစ်အုပ်စုတွေ ခြုံခိုတိုက်ခိုက်ခံရပြီး စစ်သား ၁ယောက် ဗိုက်ပွင့်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရ​ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ဆည်မှာ တောင်ကျချောင်းရေစီးထဲ မျောပါသွားသူဟာ ဆင်မင်းဘိလပ်မြေ ဒုစက်ရုံမှူးဟု သိရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာတောင်ကျချောင်းရေထဲ ဖြတ်မောင်းရင်း ရေစီးနဲ့ ကားမျောပါသေဆုံးခဲ့သူဟာ ဆင်မင်းဘိလပ်မြေစက်ရုံရဲ့ ဒုစက်ရုံမှူးဖြစ်ပြီး အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီ အပေါ်စီးက ဆွေးနွေးနိုင်ကြောင်း TNLA ခေါင်းဆောင် ပြော

စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တွေ့ဆုံမယ့် ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်ဘက်ကအပေါ်စီးကနေ ဆွေးနွေးနိုင်ကြောင်းကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။