မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၂ရက်နေ့က မြိုင်မြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ညီညီထွန်း(အသက် ၁၉နှစ်) နဲ့ ဝေယံမင်းခန့်အောင် (အသက် ၁၆နှစ်) တို့ဟာ ကျည်(၃၇)တောင့်ပါ G3အမျိုးအစားသေနတ် ၁လက်နဲ့ ကျည်  (၂၃)တောင့်ပါ MA1 သေနတ် ၁လက်တို့ကိုယူဆောင်ကာ မြိုင်ပကဖထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်သူတွေဟာ ရဲတပ်သားယောကြီးဆိုသူကို ပစ်ခတ်ရှင်းလင်းကာ ယောကြီးရဲ့သေနတ်ကိုယူဆောင်ထွက်ပြေးလာခဲ့ကြောင်း၊ နဂိုရှိပြီးသားကာဘိုင်သေနတ်၁လက်ကိုလည်း လွှင့်ပစ်ထားခဲ့ကြောင်းနဲ့ အဲ့ဒီ ကာဘိုင်သေနတ်ကို ​ပကဖတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၃ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၅ရက်နေ့ကလည်း မြိုင်မြို့နယ်အထွက် မန္တလေးဂိတ်မှာ တာဝန်ကျနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ဇာတိဖြစ်သူ ဦးလှဖြူကလည်း ကျည်၄၅တောင့်ပါ AK သေနတ်၁လက် ယူဆောင်ပြီး မြိုင်ပကဖထံ ခိုလှုံလာတယ်လို့သိရပါတယ်။

အလားတူ စက်တင်ဘာ ၁၇ရက်နေ့ကလည်း မြိုင်မြို့ပေါ်၊ အထက ကျောင်းမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ် ဇွဲလင်းပိုင်ဆိုသူက HK အမျိုးအစားသေနတ်၁လက်နဲ့ ကျည်၉၈တောင့်ယူဆောင်ရင်း အလင်းဝင်လာတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာနေထိုင်တဲ့ စစ်ကောင်စီတပ်သားဟာ စစ်ကောင်စီရဲ့ ပြည်သူအပေါ်လုပ်နေတဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တာကြောင့် အလင်းဝင်ခဲ့ကြောင်းနဲ့ နောက်ထပ် အလင်းဝင်ရောက်ချင်သူတွေလည်း ရှိသေးတယ်လို့ မြိုင်ပကဖကထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို ဂုဏ်ပြုဆုငွေအသီးသီး ပေးအပ်ပြီးကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနဲ့  စစ်အာဏာရှင်စစ်တပ် ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြှင့်တင်နေတဲ့အခုလိုအချိန်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ခိုလှုံချင်ရင် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊  ပြည်သူကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ပူးပေါင်းဖို့ကိုလည်း မြိုင်ပကဖက တိုက်တွန်းထားပါသေးတယ်။

ပြီးခဲ့တဲ့ သဩဂုတ်လတစ်လအတွင်းမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးတွေအပါအဝင် စစ်သားနဲ့ ရဲအယောက် ၄၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ NUG ၊ MOD က ထုတ်ပြန်ထားပါသေးတယ်။

ဓာတ်ပုံ – မြိုင်ပကဖ ထုတ်ပြန်ခဲ့တဲ့ အလင်းဝင်ရောက်လာသူများ

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောက်ကိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရ

MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
Read More

ဇီးကုန်းမှာ ရာအိမ်မှူးရှင်းခံရမှာစိုးလို့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။