အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ တပ်ရင်းစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဟာ စိုးမိုး ထိန်းချုပ်နယ်မြေတွေအတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေရာ ငွေသားနဲ့ ရိက္ခာခြောက်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် မြန်မာနိုင်ငံဒေသအများအပြားမှာ ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ် ကြုံတွေ့ ခံစားနေရပြီး သေဆုံးနဲ့ ပျောက်ဆုံး လူဦးရေ (၁၀၀၀) ကျော်ထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ရေဘေးဒဏ်သင့် ပြည်သူတွေဆီ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ခြင်း စတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ပုံရိပ်တွေကို ပြည်သူတွေ သိရှိစေဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG ၏ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တဲ့ ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်က စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိူးတွင် နေရပ်မပြန်နိုင်သေးသည့် ကျောက်မဲစစ်ဘေးရှောင်နှင့် နမ္မတူစစ်ဘေးရှောင်တို့ စုစုပေါင်း (၃၀၀၀) ဝန်းကျင်ထိ ရှိလာဟု SSPP ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးဝါးကုသမှုပေး… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောပြီး အခမဲ့ဆေးဝါးကုသမှုပေးကာ အလှူရှင်တွေကိုယ်စား အလှူငွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ခလရ (၁၀၃) တပ်ရင်းမှ တပ်သား (၂) ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ (၁၀၃) တပ်ရင်းက စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။