စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။

အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ၄နိုင်ငံ ပါ၀င်တဲ့ခေါင်းဆောင်တွေက စစ်ကောင်စီကို ပိတ်ဆို့ဖို့ တိုက်တွန်းလိုက်တာပါ။

Quad ရဲ့ ၄ နိုင်ငံခေါင်းဆောင်တွေက  

Quad ထိပ်သီးခေါင်းဆောင်များ စတုတ္ထကြိမ်မြောက်ညီလာခံအဖြစ် စက်တင်ဘာ ၂၁ ရက်မှာ တွေ့ဆုံခဲ့ပြီး ဝယ်လင်တန်ကြေညာချက်ကို ပူးတွဲထုတ်ပြန်ခဲ့ရာ  မြန်မာ့အရေးကိုပါ ထည့်သွင်းထုတ်ပြန်ကြေညာခဲ့တာပါ။

ရခိုင်ပြည်နယ်အခြေအနေ အပါအဝင် မြန်မာနိုင်ငံမှာ ဆိုးဝါးနေတဲ့ စစ်ရေးအခြေအနေတွေကိုလည်း စိုးရိမ်မိကြောင်း Quad ကဆိုပါတယ်။

စစ်ကောင်စီကို အာဆီယံတူညီမှုဆန္ဒ ၅ရပ်အောက်က ကတိကဝတ်အားလုံးအပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ဖိအားပေးပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းလူမျိုးများအား ရိုက်နှက်ခဲ့သည့် မြန်မာအလုပ်သမား ၆ ဦး ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့ပြီး ဒဏ်ငွေနှင့် ပြေလည်

ထိုင်းလူမျိုး ပို့ဆောင်ရေးဝန်ထမ်းတွေကို စိန်ခေါ်ရိုက်နှက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ဒီနေ့ဇန်နဝါရီ ၁၃ ရက်နေ့မှာ ရဲစခန်းကို သွားရောက်အဖမ်းခံ တောင်းပန်ခဲ့တယ်လို့သိရပြီး အာဏာပိုင်တွေက ဒဏ်ငွေအဆင့်နဲ့ အရေးယူခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

ကျောင်းသားကျောင်းသူများအပါ ၂၂ ဦး သေဆုံးခဲ့သည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကို ကုလတွင် တင်ပြ… စစ်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများက ကလေးငယ်များအပါ လူအများအပြားကို သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေဟု ဆို…

အကြမ်းဖက်စစ်အုပ်စုကို အချို့နိုင်ငံတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေတာဟာ ကလေးငယ်တွေအပါအဝင် လူအများအပြားကို စစ်အုပ်စု သတ်ဖြတ်နိုင်အောင် ကူညီပေးရာ ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။