အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။

”တိုက်ပွဲတွေ ပွဲဆက်များလာတာနဲ့အမျှ Fixed Wing ဒရုန်းတွေရဲ့ motor (မော်တာ)စွမ်းအားတွေ ကျဆင်းလာပြီး motor တွေ အသစ်ပြန်လည်တပ်ဆင်နိုင်ဖို့ ထောက်ပို့ကူညီကြပါ”လို့ ပုံတောင် Tiger PDF က တော်လှန်ပြည်သူတွေကို အကူအညီ တောင်းခံထားပါတယ်။

Fixed Wings ဒရုန်းရဲ့ မတော်တဆဖြစ်ပွားမှုအတွင်း ရဲဘော်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံတောင် TIGER PDF 

0 Shares:
You May Also Like
Read More

Karenni Nationalities Defense Force – BO3 ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ (ရုပ်/သံ)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ(၁) တပ်ရင်းအမှတ်(၃) ရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁၂ ယောက်သေကာ လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း(ရုပ်/သံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ တော်လှန်အနုပညာရှင် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
Read More

ကောလင်းမြို့ကို သွားရောက်တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို လူထုက အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကူသွားရောက် တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို ပြည်သူလူထု အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ YOMA YAR ZAR တပ်ဖွဲ့ထံက သိရပါတယ်။ ဗျူဟာ ၄၉ ရဲဘော်တွေဟာ ကောလင်းမြို့မှာ ၇ လတာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး မိခင်တပ်ရင်းကို အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ PRF ထောက်ပို့တပ်သားများအား ဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

PRF - People's Revolution Supply Family စတင်တဲ့ ၂၀၂၂ ဒီဇင်ဘာကနေ ဒီကနေ့အထိ လစဉ်မပျက်မကွက် ထောက်ပို့ပေးကြတဲ့ PRF တပ်သားတွေကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြုံရေးစစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-ပြည်လမ်းပေါ်မှာ မတ်လ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေး ဗျူဟာ (၂၂) ရဲဘော်တွေ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။