ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ(၂၃)ရက် မနေ့က နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ နားလွယ်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၈)နှစ်နဲ့ အသက်(၂၁)နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်၊ အသက်(၅၀)နဲ့ (၇၇)နှစ်အရွယ် အမျိုးသမီး ၂ ယောက် စုစုပေါင်း မြေးအဖွား (၄) ယောက်လုံး ပွဲချင်းပြိီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁) ယောက် အပါအဝင် အမျိုးသား(၃) ယောက်ရဲ့ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နဲ့ လက်မောင်းတို့မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာက နေအိမ်(၁၀) လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးတဲ့ ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
မနေ့က ညပိုင်းမှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံး အလုံး (၂၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူလူထုရဲ့ နေအိမ်တွေ ယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ စက်ရုံပိတ်သိမ်းမည်ဟု အကြောင်းပြကာ မြန်မာ အလုပ်သမား (၂၇) ယောက်အား အလုပ်ထုတ်၊ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းစက်ရုံက စက်ရုံပိတ်သိမ်းလိုက်တယ်လို့ အကြောင်းပြကာ မြန်မာအလုပ်သမား ၂၇ ယောက် အလုပ်ထုတ်ခံရတာကြောင့် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ချွန်ပူရိီခရိုင်၊ ဆာဝါဒီကန်ရုံးမှာ ကူညီ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီပဲယင်းနဲ့ ရေဦးအနောက်ခြမ်းကို စစ်ကောင်စီ‌ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးကြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။