ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁ နာရီဝန်းကျင်ခန့်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၂ ရပ်ကွက် စျေးလမ်း၊ ဖူလီလိုက်ဟိုတယ်နဲ့ ရထိုက်ဟိုတယ်တွေ ဗုံးဒဏ်ကြောင်ြ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ယောက်သေဆုံးခဲ့ကာ ၉ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ လူနေရပ်ကွက်အတွင်းကို ဩဂုတ်လ ၃၀ ရက်နေ့၊ စက်တင်ဘာလ ၉ ရက်နေ့၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ စက်တင်ဘာလ ၂၁ ရက်နေ့နဲ့ စက်တင် ဘာလ ၂၄ ရက်နေ့တွေမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို KPDF နှင့် တပ်ပေါင်းစု ကယ်ထုတ်ဖို့ လုပ်ဆောင်နေစဉ် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ် တောင်လေးလုံးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စစ် ဘေးရှောင်ပြည်သူတွေကို KPDF နဲ့ တပ်ပေါင်းစုတွေ ကယ်ထုတ်ဖို့ လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ပေါက်စများ တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနဲ့ ပျူ ၄၀ ကျော် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကနေ သင်တန်းဆင်းပျူစောထီးတွေ တင်ဆောင်လာတဲ့ ကားတန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၂ ယောက်နဲ့ ပျူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။