မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။

စက်တင်ဘာ ၂၄ရက်၊ မနက် အစောပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားမှာရှိတဲ့ အဆောက်အဦး ပြိုကျကာ လူသေဆုံးမှုဖြစ်ခဲ့တာပါ။

ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးဟာ အရင်က ဟိန္ဒူဘုရားကျောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ လူဦးရေအယောက် ၅၀လောက် စုပေါင်းနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေက အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ကာ ဆက်လက်ဖြိုချဖို့ပြင်ဆင်နေတယ်လို့လည်း Voice Of Mandalay က ပြောပါတယ်။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကတော့ အဆောက်အဦးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ယောက်မှာ အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၁ယောက် စိုးရိမ်ရပြီး ကျန်တဲ့အမျိုးသား ၁ယောက်နဲ့ အမျိုးသမီး၂ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးဆေးရုံကြီးဆီပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မန္တလေးဈေးချိုအနီး ဆန္ဒလာပြသည့် ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးအပါ ၁၀ ဦးကို စစ်ကော်မရှင် အမှုဖွင့်

လုံခြုံရေးတင်းကြပ်တဲ့ မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ်ကို ပုန်ကန်အံတုကာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုး အပါအဝင် ၁၀ ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာနှင့် ကျောက်ပန်းတောင်းတွင် ၂ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ရဲတပ်ကြပ်အပါ ၅ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်ကြားဖြတ်တိုက်ခိုက်ရာ စ​စ်သားအလောင်း ၅လောင်း၊ သုံ့ပန်း၂ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Popa Guerilla Force(PGF) တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲနိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းအချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကော် ပယ်ဖျက်နေ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ကြံ့ခိုင်ရေးပါတီကိုနိုင်ပြီး အမတ်ဖြစ်လာနိုင်သူတချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ အနိုင်ရချေရှိနေတဲ့ ဦးတင်ထူးအောင်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
Read More

မင်းကင်းမြို့နယ်မှာ ပအဖ နဲ့ ပကဖ တွေ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်ကာ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံတွင် စစ်ကောင်စီတပ်ကို MBT မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ရောထွေးနေမှုကြောင့် မစ်ရှင် ၂ ခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။