ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ‌စံဖဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စံဖဲကျေးရွာ‌နေ ဦးဇင်း ‌(၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သံဆိပ်စခန်းက စစ်ကောင်စီရဲ့ စုပေါင်း စစ်ကြောင်းအဖွဲ့ကလည်း သံဆိပ်ကျောင်းကုန်းရွာနဲ့ အင်္ဂနီ ကျောက်တန်းရွာက ရွာသူရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ပျဉ်ရေရွာနေ အသက် ၃၆နှစ်အမျိုးသားကို စက်တင်ဘာလ (၂၀) ရက် နေ့လည်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့က တောရကျောင်းဇရပ်၀န်းကျင်မှာ စက်တင်ဘာ (၂၂) ရက် မနက်ပိုင်းက ဖျံတလင်းကျေးရွာနေ ပြည်သူနှစ်ယောက်ကို မြန်မာငွေ(၇၅၀,၀၀၀) ကျပ်နဲ့ ဗောဓိကွင်းကျေးရွာနေပြည်သူနှစ်ယောက် မြန်မာငွေ(၂၅၀,၀၀၀)ကျပ်တို့ ဖမ်းဆီးကာ ငွေကြေးအဓမ္မတောင်းယူပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ဖားအံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေကို နှမျောတယ်လို့ အာဏာသိမ်းစစ်တပ် လက်ပါးစေ ကြံ့ခိုင်‌ရေးမှ သောင်းအေး ပြော

မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။