စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကးတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတွေက ပြန်လည်မခုခံဘဲ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် တော်လှန်ရေး တပ်ပေါင်းစု ရဲဘော်တွေက စစ်ကောင်စီစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရသူမရှိဘဲ တိုက်ပွဲ ၁ နာရီကြာချိန်ပြီးနောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ရွှေဘိုခရိုင်တပ်ရင်း ၂၅ (TPC)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ တန့်ဆည်မြို့နယ် ပကဖ နဲ့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပျူစောထီးစခန်း မီးရှို့ဖျက်ဆီးမှု
0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထံမှ ပြည်သူ့စစ် သုံးဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ

ချင်းပြည်နယ်၊ ဟားခါးဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ပြည်သူ့စစ် ၃ ဦးဟာ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတယ်လို့ Chinland Defense Force – Hakha က အသိပေးထုတ်ပြန်လိုက်ပါတယ်။