မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်နဲ့ သမီးဖြစ်သူတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့အတူ အခင်းနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးမြင့်အောင်အနေနဲ့ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအတွင်းရေးမှူးအဖြစ် လုပ်ဆောင်နေပြီး သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေ ကလည်း ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲ့ဝင်ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီဘက်ကမှာ နိုင်ငံရေးပါတီဝင်တွေ ပစ်ခတ်ခံနေရတာက ခဏခဏဖြစ်နေတော့။ အခုလည်း ကြံ့ခိုင်ရေးပါတီဝင်မလို့ ပစ်သွားတယ်လို့တော့ ထင်တယ်။”လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီကို မမှန်မကန်သတင်းပေးရင်း၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ သထုံမြို့နယ်၊ ဂေါ့ကျေးရွာနေ သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့ကို အမည်မသိ သေနတ်သမားတွေက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းသွားခဲ့ပါသေးတယ်။
မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်းနဲ့ ပေါင်မြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်ဆိုသူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းဆွဲခံရကာ အထိနာထားသည့် စစ်တပ် ကျောက်ဆောက်ရွာကို ဝင်ရောက်မီးရှို့၊ အမျိုးသမီး ၁ ဦး မီးလောင်ကျွမ်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာသွားတဲ့ စစ်ကောင်စီက ကျောက်ဆောက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အမျိုးသမီး၁ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း M.V.P Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်အရာရှိများ ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုရှိလာမှုများနှင့်အတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမှာ စစ်ရေးအသာစီး ရလာပြီဖြစ်သည့် အာရက္ခတပ်တော် AA

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါက်ခါင်းမှ စစ်ကောင်စီတပ်သား ၂ ဦး ၃၆၀၁ တပ်ရင်းထံ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်

ပဲခူးတိုင်း၊ ပေါက်ခေါက်းမြို့နယ်က စစ်ကောင်စီတပ်သား ၂ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။