မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။

စက်တင်ဘာ ၂၄ရက်၊ မနက် အစောပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားမှာရှိတဲ့ အဆောက်အဦး ပြိုကျကာ လူသေဆုံးမှုဖြစ်ခဲ့တာပါ။

ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးဟာ အရင်က ဟိန္ဒူဘုရားကျောင်းဖြစ်ခဲ့ပြီး လက်ရှိမှာ လူဦးရေအယောက် ၅၀လောက် စုပေါင်းနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေက အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ကာ ဆက်လက်ဖြိုချဖို့ပြင်ဆင်နေတယ်လို့လည်း Voice Of Mandalay က ပြောပါတယ်။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကတော့ အဆောက်အဦးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ယောက်မှာ အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၁ယောက် စိုးရိမ်ရပြီး ကျန်တဲ့အမျိုးသား ၁ယောက်နဲ့ အမျိုးသမီး၂ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးဆေးရုံကြီးဆီပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။