မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
“တဖက်သတ် ပစ်ခတ်နေတာဗျ။ တိုက်ပွဲလည်းမရှိဘဲ ရမ်းသမ်းပစ်နေတာ။ အဓိကကတော့ မြေပြင်ထိုးစစ်မဆင်ရဲလို့ အဝေးကနေ လက်နက်ကြီးနဲ့ပစ်ပြီး ခြိမ်းခြောက်နေတဲ့သဘောပါပဲ”လို့ ဆင်ဖြူကျွန်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
“လက်နက်ကြီးနဲ့ပစ်ခတ်မှုကတော့ အကြမ်းဖက်
စစ်တပ်ကပဲ ပြုလုပ်နေတာပါ။ ဒီဘက်ကို ထိခိုက်မှုတော့မရှိပါဘူး။ အကြမ်းဖက်စစ်တပ်က မြေပြင်
ထိုးစစ်ဆင်တာတွေကို သိပ်မလုပ်နိုင်ဘဲ လေယာဥ်နဲ့အပြစ်မဲ့ပြည်သူတွေ နေတဲ့နေရာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို မကြာခဏလုပ်လေ့ရှိတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့နယ် စလင်းအနောက်ဘက်ခြမ်းကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဇွန်လတုန်းက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက် ၇၀ အရွယ် အဖွားအိုတစ်ယောက် သေဆုံးခဲ့ပြီး ဒေသခံတချို့လည်း ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဆင်ဖြူကျွန်းမြို့နယ် အနောက်ဘက်ခြမ်းက​ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်လို့ ထိခိုက်ခဲ့ပုံ
0 Shares:
You May Also Like
Read More

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ထံ MNLA အမှတ် (၅) တပ်ရင်းက တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ၂ နှစ်အရွယ် ကလေးငယ်​ သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခလရ (၄၀၃) တပ်ရင်းမှ စစ်သား (၂) ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ခလရ (၄၀၃) တပ်ရင်းက စစ်သား (၂) ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။