စစ်ကောင်စီက အကျဉ်းသားတွေကို သေဒဏ်ချမှတ်ကွပ်မျက်မှုကကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က အနီးကပ် စောင့်ကြည့်နေကြောင်း မနေ့ကစက်တင်ဘာ ၂၃ရက်)တွင် အသိပေးထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ကွပ်မျက်မယ်လို့ သတင်းတွေထွက်ပေါ်ပြီးတဲ့နောက် IIMM ကသတိပေးထုတ်ပြန်လိုက်တာပါ။
“တရားမျှတသောအမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းထားတဲ့ IIMM က ထုတ်ပြန်ပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ လူပုဂ္ဂိုလ်များဟာ၄င်းတို့တရားစွဲဆိုထားတဲ့ အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိတယ်လို့လည်းဆိုပါတယ်။
IIMM ကရရှိထားတဲ့ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်အချို့ကွပ်မျက်မှုနဲ ရင်ဆိုင်နိုင်ရဖွယ်ရှိနေတယ်လို့ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်တွင်း သေဒဏ်ချမှတ်ခံရတဲ့အကျဉ်းသားတွေကို စစ်ကောင်စီကကွပ်မျက်မှုတွေပြုလုပ်မယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိတာပါ။
0 Shares:
You May Also Like
Read More

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားနဲ့ မြန်မာအကြမ်းဖက် စစ်ကောင်စီတို့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ထိုး

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်မှုကို အထူးသတိပြုမိတယ်” လို့ ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov က စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကန်ဇော်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပြောကြားခဲ့ပါတယ်။
Read More

မြန်မာလူငယ်များကို ပံ့ပိုးကူညီရေး ကုလသမဂ္ဂ အစည်းအဝေးတွင် ဖင်လန်နိုင်ငံ အလေးပေးပြောဆို

မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ပံ့ပိုးကူညီဖို့ ဖင်လန်အနေနဲ့ ကတိပြုကြောင်း ဖင်လန်ပညာရေးဝန်ကြီးက ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ပြောဆိုခဲ့တယ်လို့ ScandAsia သတင်းဌာနက အောက်တိုဘာလ ၁ ရက်မှာ သတင်းဖော်ပြထားပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။