မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်နဲ့ သမီးဖြစ်သူတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့အတူ အခင်းနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးမြင့်အောင်အနေနဲ့ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအတွင်းရေးမှူးအဖြစ် လုပ်ဆောင်နေပြီး သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေ ကလည်း ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲ့ဝင်ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီဘက်ကမှာ နိုင်ငံရေးပါတီဝင်တွေ ပစ်ခတ်ခံနေရတာက ခဏခဏဖြစ်နေတော့။ အခုလည်း ကြံ့ခိုင်ရေးပါတီဝင်မလို့ ပစ်သွားတယ်လို့တော့ ထင်တယ်။”လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီကို မမှန်မကန်သတင်းပေးရင်း၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ သထုံမြို့နယ်၊ ဂေါ့ကျေးရွာနေ သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့ကို အမည်မသိ သေနတ်သမားတွေက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းသွားခဲ့ပါသေးတယ်။
မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်းနဲ့ ပေါင်မြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်ဆိုသူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ် အကြိုလှုပ်ရှားမှု Cobra Column 2 Venom စစ်ကြောင်း ပါဝင်ဆင်နွှဲ

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့တဲ့ တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်တဲ့ Cobra Column 2 Venom စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးစောဝင်းမြင့် နဲ့အဖွဲ့ဝင်များက မကြာခင်ကျရောက်တော့မယ့် ၃၇နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်၊ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသဘိတ် အကြိုလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထီးချိုင့်က ဆုတ်ခွာလာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့က ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိကာ စစ်ကောင်စီဘက်က သေဆုံးသူအမြောက်အမြားရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားအရေး၊ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ရေးယူ တိုက်ခိုက်နေတယ်လို့ မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။