စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီဘက်က တော‌တောင်ကို အခွင့်ကောင်းယူပြီး လက်နက် ကြီးပွိုင့်ကို စီးနင်းကာ လာရောက်သိမ်းဆည်းတဲ့အတွက် တော်လှန်ရေးတပ်တွေ ကျားတက်ထိုးပြီး ၆၀ မမ လက်နက်ကြီးကို ပြန်လည်ရရှိယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF)နဲ့အတူ PHOENIX ပြောက်ကျားတပ်ဖွဲ့ /HERO BROTHER MON YWA L-PDF/BLACK DRAGON /မုံရွာ ခရိုင်တပ်ရင်း 27 တပ်ခွဲ4/မုံရွာ ခရိုင်တပ်ရင်း 24 တပ်ရင်းဒုံးတပ်ဖွဲ့ /ယင်မာပင်ခရိုင်တပ်ရင်း 9 တပ်ခွဲ4/ယင်းမာပင်ခရိုင်တပ်ရင်း 30 တပ်ခွဲ4/ဒေါင်းပြောက်ကျားတပ်ဖွဲ့ /Sun king Envoy L-PDF /Special Revolution Force /တောကျွဲကြီး/ကမြင်းမနီ နယ်စည်းမခြား/BLACK HERO L-PDF /S.R.S L-PDF /MON YWA M4 L-PDF /BROTHER Revolution Force MON YWA /ပလဖ/​ ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ၊ တွေ့မရှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနှင့် မျောပါ (ရုပ်/သံ)

ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာ လမ်းရေကျော်နေချိန် ဖြတ်မောင်းတဲ့ ခရီးသည်တင်ယာဉ် ၁ စီး ရေစီးနဲ့မျောပါသွားတဲ့အတွက် ဒေသခံပြည်သူတွေက လိုက်လံကယ်ဆယ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ရဲ့ အ​ခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၆ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။