ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်ဦးစီးအရာရှိ အဆင့်တွေကို အကျင့်ပျက်ခြစားမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေရာမှာ မြန်မာငွေ ကျပ်သိန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက အကျင့်ပျက်ခြစားတဲ့ စစ်အရာရှိကြီး ၅ယောက်ကို စက်တင်ဘာ ၇ရက်ကနေ စတင် ဖမ်းဆီးပြီးနောက် စစ်ဆေးခဲ့ရာမှာ အိမ်ခြံမြေ၊ KTV နဲ့ ဘဏ်စာအုပ် စတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

“ဧရာဝတီတိုင်းအတွင်းမှာက အကျင့်ပျက်ခြစားနေတဲ့ အရာရှိကြီးအတော်များများ ကျန်သေးတယ်။ အခု ခေါ်စစ်ခံရလို့ ပေါ်ပေါက်တဲ့ငွေပမာဏက အရမ်းကိုနည်းသေးတယ်။ မအူပင်မြို့မှာဆိုရင် စစ်ဦးစီးပထမတန်း G1 ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်၊ ငသိုင်းချောင်းမှာဆိုရင် အမြှောက်တပ် တပ်ရင်းမှူး အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ထားတာတွေ အများကြီးရှိပေမယ့် ခုချိန်ထိတော့ ခေါ်ယူစစ်ဆေးမှုတွေ မရှိသေးဘူး” လို့ စစ်တပ်ရဲ့ တပ်တွင်း သတင်းရင်းမြစ်တစ်ခုက မောင်းကိုပြောပါတယ်။

အဲဒီ တပ်တွင်း သတင်းရင်းမြစ်ကပဲ ဆက်ပြီးတော့ “နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့ကာလ ၃နှစ်ကျော်မှာပဲ နိုင်ငံရေး အကြောင်းပြပြီး အကြမ်းဖက်စစ်တပ် လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိကြီးတွေက အကျင့်ပျက်ခြစားမှုတွေကို ဦးရာလူစနစ်ပုံစံမျိုးတွေ လုပ်ဆောင်နေကြတာ။ စားသောက်ဆိုင်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ အိမ်ခြံမြေနဲ့ KTV တွေကိုပါဝယ်ယူထားတာတွေ ရှိတယ်။ မြို့ခံတွေနာမည်နဲ့ ပုန်းရှိုးကွယ်ရှိုး ဝယ်ယူပိုင်ဆိုင်ထားတာတွေလည်း အများအပြားရှိနေတယ်” လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ခေတ်ကာလ ရှည်ကြာစွာ အကျင့်ပျက်ခြစားမှုတွေနဲ့ ယဉ်ပါးလာခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်မှာလည်း ပြည်သူ့ဘဏ္ဍာငွေတွေကို စိတ်တိုင်းကျ ကိုယ့်အိတ်ကပ်ထဲ ထိုးထည့်နေတဲ့ စစ်ဗိုလ်များစွာ ရှိနေပြီး စစ်ခေါင်းဆောင်ပိုင်းတွေက အဲဒီထဲက သူတို့ အမြင်မကြည်တဲ့လူတွေကိုတော့ မထင်ရင် မထင်သလို ဖမ်းဆီးအရေးယူနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်မှာ အိမ်ဆောက်ပိုင်ခွင့်မရှိသည့် လယ်ယာမြေဆိုပြီး စစ်ကောင်စီက အိမ်များကို ဖျက်ဆီးကာ အကွက်ရိုက် ပြန်ရောင်းစား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။