ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ယာစိုက်‌ပျိုးမှုတွေအနေနဲ့ ရေကြီးမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းမှာ ဧကပေါင်း ၂၀၃၇၂.၅၇ ဧက ပျက်စီးဆုံးရှုံးခဲ့ရုံသာမက မွေးမြူရေးမှာလည်း ကျွဲ ၊ နွား အကောင်ရေ (၇၀)ကျော် အသေအပျောက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် KNU စိုးမိုးနယ်မြေ ဇရပ်ကြီးတောင်ခြမ်းအုပ်စုမှာလည်း လယ်ပျက်စီးမှု ၆၀၀၀ ဧက နဲ့ ကျွဲ၊ နွားအသေအပျောက် ၇၀ ကျော် ရှိသေးတယ်လို့ KNU က ဆိုပါတယ်။
၂၀၂၄ခုနှစ် ရေကြီးရေလျှံမှုဟာ (၅၈)နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး တောင်ငူခရိုင်မှာ လာမယ့်နှစ်အတွင်း တောင်ပေါ်မြို့တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်တဲ့ အခြေအနေတွေ ဖြစ်‌ပေါ်လာနိုင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံနေမှုများ
0 Shares:
You May Also Like
Read More

KNDF ‌ဗျူဟာအမှတ်(၉) သင်တန်းသားများ၏ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၉) / ရှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် (SSNDF) ရဲ့ စစ်သင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားတွေရဲ့ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်တွေကို SSNDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

စင်တင်ဘာလအတွင်း PDF နဲ့ပကဖ တွေပူးပေါင်းပြီး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ရာနှုန်းပြည့် အောင်မြင်ခဲ့တယ်ဟု PDF Insight က ထုတ်ပြန်

စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီနဲ့ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းရာ ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။