ကရင်နီပြည်နယ်အတွင်းက ရေဘေးသင့်ဒေသခံတွေကို  Loikaw Local PDF က ပြည်သူတွေ ပူးပေါင်းပါဝင်ထားတဲ့ လှူဒါန်းငွေနဲ့ စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထောက်ပံ့မှုအနေနဲ့ ဆန်၊ ဆီ၊ဆား၊ ကြာဇံ၊ ငရုတ်သီး၊ အချိုမှုန့်၊ ကြက်ဥ၊ ငါးသေတ္တာ၊ အသားတု၊ ခြင်ဆေးခွေ၊ ရေသန့်၊ ဆေးလိပ်၊ ငွေသား ၁၀၂၀၀၀၀ ကျပ်နဲ့ ကလေး မုန့်မျိုးစုံတို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

I am text block. Click edit button to change this text. Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် Lightning တစ်လပြည့် ဆွမ်းကပ်တရားနာ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ရဲ့ ၁ လပြည့် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မူးယစ်ဆေးစွဲနေသူတွေ MLA ထံ လာရောက်ပြီး မူးယစ်ဆေးဖြတ်နိုင်

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီအနေနဲ့ မူးယစ်ဆေးစွဲနေသူတွေမူးယစ်ဆေးဖြတ်ချင်ရင် သူတို့တပ်ဖွဲ့ထံကိုဆက်သွယ်ပြီး မူးယစ်ဆေးဝါး လာရာက်ဖြတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။