အာဆီယံနဲ့ ၃ နိုင်ငံ အရေးပေါ်အရန်ဆန်တွေထဲက ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
သန်လျင်မြို့က အရန်ဆန်သိုလှောင်ရုံမှာ သိမ်းဆည်းထားတဲ့ အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ် အရန်ဆန် (The ASEAN Plus Three Emergency Rice Reserve – APTERR) ကနေ ဆန်တန်ချိန် တစ်ထောင်ကျော်ကို မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ်အရန်ဆန် (APTERR) အစီအစဉ်ဟာ ဒေသတွင်းနိုင်ငံတွေကို ဆန်အကူအညီပေးအပ်ဖို့အတွက် အာဆီယံနဲ့ တရုတ်၊ ဂျပန် ၊ တောင်ကိုးရီးယားနိုင်ငံတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးနစ်မြုပ်တာတွေကြောင့် စပါး အပါအဝင် သီးနှံမျိုးစုံစိုက်ဧက ၆သိန်း ၄ သောင်းကျော်ရေဝင်နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြောအပြီးမှာ အခုလို ဆန်တန်ချိန် တစ်ထောင်ကျော် ဖြန့်ဝေတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာပါ။
မြန်မာနိုင်ငံရေဘေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU) အပါအဝင် အာရှက ဒေသတွင်း အင်အားကြီးနိုင်ငံတချို့ကလည်း ကူညီမှုတွေ ပြုလုပ်သွားမယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
နိုင်ငံတစ်ဝန်းက ရေကြီးရေလျှံမှုမှာ လူကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးသင့်ခဲ့ပြီး လူသုံးရာကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အသိပေး ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွား၊ စစ်ကား ၁ စီး ထိခိုက်ပျက်စီး…

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၂ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Aung San's Land Natmaukအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

ခလရ ၂၅၆ မှ တပ်သားတစ်ဦး အရက်မူးနေသည့် တပ်ကြပ်ကြီး၏ သေနတ်ကိုပါ ယူဆောင်အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။