ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ်  (၁၈) တပ်ရင်း – Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား  ၁ ယောက်က MA 3 တစ်လက်၊ ကျည်ဘောက် တစ်ဘောက်၊ ၅.၅၆ ကျည် ၂၀ တောင့်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအလင်းဝင်စစ်ကောင်စီတပ်သားကို စက်တင်ဘာ ၁၆ ရက်မှာ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ တိတိ ချီးမြှင့်ခဲ့တယ်လို့ Yaw National Revolution Force က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။
Read More

သဲစက်ကို စိတ်မချလို့ သွားကြည့်သည့် ပိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားဖြစ်သူ ၂ ဦး စစ်ကော်မရှင်တပ် စနိုက်ပါဖြင့် ပစ်ခတ်လို့ သေဆုံး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ရွာမှာရှိတဲ့ သဲစက်ကို စိတ်မချလို့ သွားရောက်ကြည့်တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားဖြစ်သူ ၂ ယောက်ကို စစ်ကော်မရှင်တပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။