ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားအယောက် ၂၀ ခန့်က ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်း ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုဆန္ဒပြနေကြရာ ” မြန်မာနိုင်ငံသားတွေ ကိုယ့်အိမ်ကိုယ် ပြန်ကြ” ဆိုပြီး အော်ဟစ်ပြောဆိုနေတာတွေ ရှိတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေရဲ့ တရားမဝင် လုပ်ရပ်တွေက ထိုင်းနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းနေစေပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေလည်း ဆုံးရှုံးနေရတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြရာမှာ ပါတဲ့ ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေက မြန်မာနိုင်ငံသားတွေကို အလုပ်လုပ်ခွင့် ရက် ၉၀ သာပေးဖို့နဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပိတ်ပြီး နေရပ်ပြန်မီးဖွားစေဖို့ အချက်တွေအပါအဝင် အချက် ၈ ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို စာပို့တောင်းဆိုထားတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

ကုလလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံး ရေဘေး အကူအညီတွေပေးအပ်ရေးအတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ တိုက်တွန်း

ကုလလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ မြန်မာပြည်ရေဘေးအတွက် အကူအညီပေးဖို့ လိုအပ်ပေးမယ့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 
Read More

မြန်မာနှင့် ကြားခံစစ်ပွဲမှာ ဝင်မပါဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော၊ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်ဒေသကို လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေ

ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။
Read More

မဲဆောက်ဈေးတွင် မြန်မာဈေးသည် ရန်ပွဲများဖြစ်ပွားပြီးနောက် ဈေးတစ်ခုလုံး ဝင်ရောက်စစ်ဆေးခံရကာ အထောက်အထားမဲ့များ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မြန်မာဈေးသည်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင်တွေက မဲဆောက်ဈေးရှိ မြန်မာဈေးသည်တွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက သတင်းဖော်ပြထားပါတယ်။