မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့၊ ညနေပိုင်းမှာ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉တပ်ရင်းနဲ့အတူ Popa Guerilla Force (PGF)၊ ညောင်ဦးခရိုင် တပ်ရင်း -၁၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည် ဘီလူးတပ်)၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ(၂)- (ရန်ကြီးအောင်pdf)၊ ညောင်ဦးခရိုင် တပ်ရင်း (၅) တို့ ပူးပေါင်းကာ အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စကစက ကား ၄စီး၊ ဆိုင်ကယ် ၃စီးနဲ့လာတာပါ။ သူတို့လာမှာကို ကြိုသိနေလို့ စောင့်ကြိုတိုက်ခဲ့တာဖြစ်တယ်။ သူတို့ဘက်က ၃ဦးသေပြီး ၉ဦး ဒဏ်ရာရသွားပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တော့ သူတို့ဘက်က အလောင်းတစ်လောင်းကျန်ခဲ့တာတွေ့ရပါတယ်။” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေထံက M22 (AK) သေနတ်တစ်လက်နဲ့အတူ ဆိုင်ကယ် ၃စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ Myingyan Black Tiger
0 Shares:
You May Also Like
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်ဟု NUGဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.ကဖ အထူးတိုက်ခိုက်ရေးတပ်ရင်း – ( ၁ ) အပတ်စဥ် – ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း - ( ၁ ) အပတ်စဥ် - ( ၂ ) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။