မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်းလမ်းပေါ် သွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် ၃ စီးပါ အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲ ၃ ယောက်သေဆုံးကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး M22 (AK) သေနတ်တစ်လက်နဲ့ ဆိုင်ကယ် ၃စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည် ဘီလူးတပ်)၊ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉တပ်ရင်း၊ Popa Guerilla Force (PGF) ၊ ညောင်ဦးခရိုင် တပ်ရင်း -၁ ၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ(၂)-(ရန်ကြီးအောင်pdf)၊ ညောင်ဦးခရိုင် တပ်ရင်း (၅)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၁၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်မှာ စစ်သုံ့ပန်း ၂ ဦး သေနတ်လုထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တောင်ဘက် ဆားဂွန်းဂိတ်မှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်သားများ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်သား ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်း ၂ ဦးဟာ စစ်ဆေးနေချိန်မှာပဲ သေနတ်လုယူ ထွက်ပြေးခဲ့တဲ့အတွက် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။