စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ MNDAA ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကောင်စီက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ ကိုးကန့်တပ်မတော်က အသိပေးကြေညာလိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေနေထိုင်ရာ စာသင်ကျောင်း၊ လူနေရပ်ကွက်တွေ အပါအဝင် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
MNDAA က NUG အစိုးရနဲ့ ပူးပေါင်းခြင်းမရှိသလို တောင်ကြီးနဲ့ မန္တလေးကိုလည်း ဝင်ရောက်တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေကို ရပ်တန့်ပြီး တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီပေးဖို့လည်း တောင်းဆိုထားပါသေးတယ်။
စက်တင်ဘာလအတွင်း စစ်ကောင်စီဟာ ရှမ်းမြောက်က MNDAA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သားပြည်သူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ပျမ်းမျှ နှစ်ရက်ကို တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်မှုတွေရှိလာတာကြောင့် မြို့ခံတွေကို လေကြောင်းအန္တရာယ် ကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး အယောက် ၂၀ ဒဏ်ရာရ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် “Reject the Illegal election” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ 'Reject the Illegal election' စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။
Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးမဟာမိတ်အဖွဲ့များကို တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနား ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေတွေကို ပြန်လည်မျှဝေခြင်း အခမ်းအနားတရပ်ကို Zoom Platform မှတဆင့် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောင်းသားလူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့သည့် စစ်ကိုင်း PDF ၄ နှစ် ပြည့်

စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) ဟာ အခုဆိုရင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။