ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး  လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က Jet Fighter နဲ့ ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်တဲ့ ပေါင်(၅၀၀)​ ဗုံး ၄ လုံးကို နောင်ချိုမြို့နယ်မှာ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပေါင်(၅၀၀)ဗုံး ၄ လုံးဟာ နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်း (၃) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တောထဲမှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖန်ကုန်းရပ်ကွက်က ဒေသခံပြည်သူ(၃) ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)အိမ် ၊ ကားနှစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ နောင်ချိုမြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ညစျေးတန်း ၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ(၁)ယောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ ဆိုင်ခန်းတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လူအများအပြား သေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀) ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ(၁၅) ယောက် သေဆုံးခဲ့ပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံနေအိမ် (၂၇) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနဲ့ စာသင်ကျောင်း (၁) ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
Read More

နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ခရီးသည်တင်ကားကို PDF တွေ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး - ပြင်စည်လမ်းပိုင်းမှာ ခရီးသည်တင်ကား၁စီးကို စစ်ဆေးရင်း စစ်အသုံးဆောင်တွေနဲ့ ဆက်စပ်ပစ္စည်းတစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိုနှိုင်းရေးကသာ အဖြေဖြစ်တယ်လို့ မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုနေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းမှု မအောင်မြင်ဘဲ ပြီးဆုံး၊ နှစ်ဖက်တပ်များ ရောက်သည့်နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ TNLA တောင်းဆို

တရုတ်အစိုးရရဲ့ ဖိအားပေးစီစဥ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။