စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီရဲ့လူသားဒိုင်းလုပ် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၃၀၀ နီးပါးထွက်ပြေးလွတ်မြောက်လာပေမယ့် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၆ရက်နေ့က စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲထဲ ဘေးလွတ်ရာတိမ်းရှောင်ရင်း ​မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေခဲ့တဲ့ အရပ်သားတွေကို စစ်ကောင်စီက ပြန်မလွှတ်တော့ဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ မြို့နယ် သံဃနာယကအဖွဲ့ကနေ စက်တင်ဘာ ၇ရက်နေ့မှာ မေတ္တာရပ်ခံစာထုတ်ပြီး တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီကလက်မခံဘဲ မြို့ထဲကို လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ၁၇ရက်နေ့မှာတော့ ဖမ်းဆီးခံထားရသူတွေထဲက အယောက် ၃၀၀နီးပါး ထွက်ပြေးလာခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိ ပြည်သူ၃၀၀လောက်က ထွက်လာနိုင်ပါပြီ။ ၅၀၀လောက်က ကျန်သေးတာပေါ့နော်။ စစ်တပ်ဘက်က မထွက်ခိုင်းဘဲ အတင်းထွက်လာကြတာ။ လွတ်လာတဲ့သူတွေပြောပြချက်အရ မင်းတို့ထွက်ပြေးရင် PDF တွေက သတ်လိမ့်မယ်။ ဘယ်နေရာမှာဘယ်လိုသတ်ထားမယ်ဆိုပြီး သူတို့ကိုခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ အဲ့ဒါကြောင့် အများစုက မထွက်ရဲကြတာပေါ့​နော်။ အခုတော့သေလည်းမထူးဘူးဆိုပြီး အရဲစွန့်ထွက်လာကြတာ။ လူ၃၀၀ နီးပါးလောက်ထွက်လာနိုင်ပြီပေါ့။ ကျန်တာကတော့ ၅၀၀လောက်ရှိသေးတယ်။” လို့ အင်းတော်ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

အင်းတော်မြို့မ ဘုန်းကြီးကျောင်းထဲပိတ်မိနေတဲ့အထဲ အရပ်သားကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေအပါအဝင် ကိုရင်၊ ဥူးပဉ္စင်းတွေအပြင် Non CDM ဝန်ထမ်းတချို့လည်းပါတယ်လို့ သိရပါတယ်။

အင်းတော်မြို့က စစ်စခန်းတွေကို သြဂုတ်လ ၁၆ရက်ကစလို့ KIA ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး သြဂုတ်လ ၂၄ရက်နေ့မှာ အင်းတော်မြို့မရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ စစ်အုပ်စုအနေနဲ့ ဂျပန်လှိုဏ်ဂူကုန်း(တောင်ကုန်း) နဲ့ မြို့မဘုန်းကြီးကျောင်းတို့မှာသာ အထိုင်တပ်စွဲထားတယ်လို့ သိရပါတယ်။

တိုက်ပွဲပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီက အင်းတော်မြို့ကို နယ်မြေရှင်းလင်းရေးလုပ်ရင်း မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ရာ အရပ်သားသေဆုံးမှုတွေ၊ ပိတ်မိနေသူတွေ ဆေးကုသခွင့်မရတာ​​တွေ ​ကြုံတွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ – အင်းတော်မြို့မီးလောင်ပျက်စီးနေပုံနဲ့ မြို့နယ် သံဃနာယကရဲ့ မေတ္တာရပ်ခံစာ

0 Shares:
You May Also Like
Read More

တိုင်းစစ်ဌာနချုပ် အဆင့်ရှိ(နပခ) ကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ သမိုင်းဝင် အောင်ပွဲတစ်ရပ်ဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း NUG က အာရက္ခတပ်တော်ကို သဝဏ်လွှာပေးပို့

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာရက္ခတပ်တော် AA က  အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတက  ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်ရပ်ကို ပေးပို့လိုက်ပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေနံချောင်းရှိ ရှေးဟောင်းဘုရားပေါ် စစ်အုပ်စု စက်တပ်လေထီးဖြင့် ပစ်ခတ်၊ စေတီများပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။