ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက လက်နက်ပြန်အပ်ဖို့ အကြောင်းကြားတဲ့စာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အပါအဝင် တပ်ရင်းတပ်ဖွဲ့တချို့ကို စက်တင်ဘာလ (၂၄) ရက် နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံကြဖို့ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက စက်တင်ဘာလ (၁၆) ရက် ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

အဲ့ဒီအကြောင်းကြားစာမှာ ခိုင်လုံတဲ့ အကြောင်းပြချက်မပါရှိဘဲ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အဖွဲ့အစည်းတွေအပေါ် လေးစားမှုမရှိစွာ ဆက်ဆံမှုလို့ ယူဆကြောင်း YPDF က ဆိုပါတယ်။

ပြန်လည်အပ်နှံဖို့ အကြောင်းကြားလာတဲ့ လက်နက်တွေကလည်း ခွဲမှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းရဲဘော်တွေကတဆင့် တော်လှန်ရေးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ထုတ်ပေးခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့အနေနဲ့ သေနတ် စုစုပေါင်း (၄) လက်ရရှိခဲ့ပြီး ဒီနေ့အချိန်ထိ အဲ့ဒီလက်နက်တွေကို တလွဲအသုံးချခြင်း၊ ရောင်းစားခြင်း၊ NUG ယန္တရားတွေအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ အနှောင့်အယှက်ပြုခြင်း၊ ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတွေ လုံးဝမရှိခဲ့ဘူးလို့ YPDF က ဆိုပါတယ်။

ဂန့်ဂေါခရိုင်ကွပ်ကဲရေးရုံးရဲ့ အပြုအမူဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ယုံကြည်မှု လျော့ကျကာ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဦးတည်စေတယ်လို့ ရှုမြင်ယူဆကြောင်း YPDF က ဆိုပါတယ်။

ထုတ်ပေးထားတဲ့ လက်နက်တွေ ပြန်လည်အပ်နှံစေချင်ရင် မူလက စတင်ချိတ်ဆက်ဆောင်ရွက်ခဲ့ချိန်ကအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျန်ရှိနေတဲ့ ကိစ္စရပ်တွေကို အရင်ဆုံး ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်လို့ ရမယ်လို့ YPDF က ဆိုပါတယ်။

YPDF အနေနဲ့ လတ်တလောမှာ အဲ့ဒီလက်နက်တွေကို ပြန်လည်မအပ်နှံနိုင်သေးကြောင်းနဲ့ အခုလိုအပြန်အလှန် လေးစားမှုမရှိဘဲ ပြုမူဆောင်ရွက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – YPDF တပ်ဖွဲ့ဝင်များ

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်

မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီက ဗုံးအလုံး ၂၀ ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

NUG အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးက ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို ဘင်္ဂလားဒေ့ရှ်ထံ AA က ပြန်လည်လွှဲပြောင်း

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲ ဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေ ၁၅ စီးကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က နိုဝင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါတွင် ရွေးကောက်ပွဲအတုကို စိတ်ဝင်စားမှု မရှိသည့်အတွက် မဲစာရင်းသွားကြည့်သူ မရှိသလောက်ဖြစ်နေသည့်အပေါ် စစ်အုပ်စုက ဖိအားပေးနေ

"မြို့ပေါ်မှာ မဲစာရင်းတွေကို ပြန်ကြေညာထားပေမဲ့ သွားကြည့်တဲ့သူ အဆမတန်နည်းပါတယ်။ မဲစာရင်းကို လာမကြည့်ကြတော့ စစ်တပ်နဲ့အပေါင်းအပါတွေက ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လိုစစ်ရင်းနဲ့ မဲစာရင်းသွားကြည့်သေးလား၊ မကြည့်ဘူးလားဆိုတာတွေပါ စစ်ပါတယ်" လို့ မြို့ခံတစ်ယောက်ကပြောကြားခဲ့ကြောင်း ယောအလင်းတန်း ဆိုပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။