စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံးသဘာဝ ဘေးအန္တရာယ်တွေနဲ့ကြုံတွေ့နေရတဲ့ စက်တင်ဘာလ ပထမပတ်ထဲမှာတင် စစ်ကောင်စီက တောင်ပိုင်းတိုင်းဒေသမှာ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုကျူး လွန်မှုတွေကို မရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးခဲ့ရသူ ၃ဦးဟာ စစ်ကြောရေးအတွင်းမှာ သေဆုံးခဲ့ရသူတွေပါဝင်ပြီး ဖမ်းဆီးခံရသူ အများစုလည်း မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
PDF ဟု စွပ်စွဲဖမ်းဆီးတာ စစ်မှုထမ်းဖို့ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်တာတွေကို တောင်ပိုင်းတိုင်းစစ်ဒေသအတွင်း စစ်ကောင်စီက ဆက်တိုက်ကျူးလွန်နေတယ်လို့လည်းဆိုပါတယ်။
မကြာခင် စတင်တော့မယ့် စစ်မှုထမ်းအပတ်စဉ် ၆ အတွက် တစ်ရပ်ကွက်လျင် ၁၀ ဦးနှုန်းနဲ့ လူအင်အား စုဆောင်း လုပ်ဆောင်နေပြီး စစ်မှုမထမ်းလိုလျှင် ကျပ်သိန်း ၅၀ အထိငွေညှစ်တောင်းခံမှုတွေပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

နဂါးနီစစ်ကြောင်းမှ စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့သည့် CDM တပ်ကြပ်ကြီးအပါ ကျဆုံးရဲဘော် ၅ ဦး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် ရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းထိုး၊ ပစ္စည်းခိုးသည့် စစ်သားများ ကြားဖြတ်တိုက်ခံရ၊ ဒုစစ်ကြောင်းမှူးအပါ ၁၀ ဦး ထက်မနည်းသေပြီး ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူဖမ်း၊ ပစ္စည်းခိုးတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူးအပါ စစ်ကောင်စီဘက်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Black Eagle PDF- Bagan တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဇီးသီးက မောင်းကိုပြောပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ် ၂ ရပ်ကွက်နှင့် ဇဂျမ်းစစ်ကောင်စီဂိတ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။