ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အဲဒီ စစ်ကြောင်းမှူးကတော့ စက်တင်ဘာ ၂၀ ရက်နေ့က ဒဏ်ရာတွေနဲ့ ဆေးရုံကို သယ်ဆောင်သွားစဉ် လမ်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“သူတို့ အထိုင်စခန်းချတပ်စွဲထားတာ အဲဒီကုန်းပေါ်ကနေပဲ ဂွမြို့နယ်ထဲကို လှည့်နေတာ။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့စခန်းပါ။ ရခိုင့်တပ်တော် AAရဲ့ ဗုံးကြဲတိုက်ခိုက်မှု ခံရတာဖြစ်ပါတယ်” လို့ ဂွမြို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“သေဆုံးသွားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူးကို ၂၀ရက်နေ့ မနက်ပိုင်းမှာပဲ ဆပ်သွားသုဿန်မှာ မြေမြုပ်သဂြိုလ်လိုက်တာပါ။ ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သားတွေကိုတော့ အဲဒီဂန့်ဂေါ်ကုန်းစခန်းမှာပဲ ဆေးကုသနေကြတယ်”လို့အထက်ပါဒေသခံက ထပ်ပြောပါတယ်။
ဂွမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံတွေကို စစ်မှုထမ်းဥပဒေအကြောင်းပြကာ ဖမ်းဆီးတာတွေပြုလုပ်နေပြီး ဂွမြို့နယ်ထဲကို ဧရာဝတီတိုင်းဘက်ကနေ ဝင်လို့ရမယ့် လမ်းကြောင်းတွေမှာလည်း ကင်းပုန်းဝတ်တာတွေ၊ စစ်ကြောင်းပတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် စစ်အုပ်စုဆီပို့ဆောင်ရန် ဘိလပ်မြေအိတ်နှင့် စားဆီ​ပုံးတင်ဆောင်လာသည့် ကား ၂ စီးအား Southern YSO PDF  ဖမ်းဆီးသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။
Read More

အင်းစိန်ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ ရုပ်အလောင်းအား ယနေ့မနက် သင်္ဂြိုဟ်မည်

အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်ရဲ့ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကို ခံစားရင်း ကွယ်လွန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်းမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။