မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army – ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုဆီ ဒေါက်တာတေဇာဆန်း အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD က တာဝန်ရှိသူတွေ လာရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်ရဲဘော်တွေကို ဩဝါဒ ပေးခြင်း ၊ စိတ်ခွန်အားပေးခြင်းနဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ချပြဆွေးနွေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေတဲ့ ကာလအတွင်း တပ်ရင်းတွေဆီကို လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ရှိ‌ပြီး ဂုဏ်ပြုငွေတွေ ပေးအပ်ချီးမြှင့်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိသလို အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ မနေချင်တဲ့ စစ်သား ၊ ရဲတွေအနေနဲ့ CDM ဝင်ချင်ရင် တော်လှန်ရေးတပ်ရင်းတွေဆီ ဆက်သွယ်ပြီး ပြည့သူ့ရင်ခွင်မှာ ခိုလှုံနိုင်တယ်လို့ YRA ထီးလင်းက ဆိုပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်းတွေအနေနဲ့ စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေချိန်ကာလအတွင်းမှာလည်း ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ အကြမ်းဖက် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အောင်မြင်ပြီးဆုံးတဲ့အထိ လက်တွဲညီညီ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ YRA ထီးလင်းက ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDF က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ကျုံဒိုးမြို့နယ်တွင်းတိုက်ပွဲမှာ အယောက် ၃ဝ ကျော်ထိ သေဆုံးပြီး အထိနာခဲ့သည့် စစ်တပ်  စစ်ကြောင်းပြန်ထိုးလာ၊ “သူတို့ လာပါစေ.. သူတို့ကို အမြဲတမ်း ကြိုဆိုထားပါတယ်” ဟု ဗိုလ်အယ်စေးဝါး ပြော

ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲအတွက် အင်အားဖြည့်တင်းဖို့ ကျုံဒိုးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ မွန်-ကရင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဇွန်လ ၁၉ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၆)၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း (၂)၊ Lion Battalion Commando - စစ်ကြောင်းရုံးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရွာငံတွင် ထွေအုပ်ဝန်ထမ်းများ ဖမ်းခံရမှုကြောင့် အရှေ့မြင်အနောက်မြင် တောင်တန်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ ထွေအုပ်ဝန်ထမ်းတွေ ဖမ်းဆီးခံရမှုနဲ့အတူ စစ်ကောင်စီက မြဧတီကျေးရွာကို အကြမ်းဖက်စီးနင်း ရှာဖွေခဲ့တယ်လို့ ရွာငံဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။