ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
GEMS collection ကတဆင့် ထောက်ပို့ပြည်သူတွေက ထောက်ပံ့တဲ့ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ကျည်ကာ၊ ကျည်ကာဦးထုပ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ ယင်းမာပင်ခရိုင်တပ်ရင်း(၂) ထံ ရောက်ရှိလာပြီလို့ ဖော်ပြထားပါတယ်။
မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ပစ္စည်းတွေရောက်ဖို့ အချိန်ကြာမြင့်ခဲ့ရာက ရောက်ရှိလာပြီဖြစ်လို့ ထောက်ပို့ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ဆိုပါတယ်။
စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံရောက်ရှိလာဖို့ ရှိနေသေးပြီး စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ကနီဒေသမှာ စစ်ကောင်စီကို မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နဲ့ အခြားအစိုးရတာ၀န်ရှိသူတွေကို အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အရက်ထွက်ဝယ်သည့် စစ်သားများ အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာတင် ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။