ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
ခလယ်လွီထူခရိုင်အတွင်း လယ်ဒိုမြို့နယ်၊ မူးမြို့နယ်နဲ့ ဆောထိမြို့နယ် စုစုပေါင်း နယ်မြေ ၃ ခု အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြန်မာပြည်အထက်ပိုင်းက ရေတာတမံတွေကျိုးခြင်းကြောင့် ကျေးရွာတွေ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ KNU ကဆိုပါတယ်။
အထူးသဖြင့် ကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ ၃၂၂၄၆ လုံး၊ လူဦးရေ ၁၆၈,၄၂၇ ယောက် ရေဘေးသင့်နေပြီး
စပါးခင်းတွေရေလွှမ်းကာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဘေးသင့်ပြည်သူတချို့လည်း နေရပ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ KNU က ထုတ်ပြန်ပါတယ်။
လတ်တလောမှာ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနဲ့ အဖွဲ့သားတွေက လှေတွေနဲ့ အမြင့်ပိုင်း နေရာတွေသို့ပို့ဆောင်ခြင်း၊ အရေးပေါ်အကူအညီထောက်ပံပေးခြင်းတွေ ပြုလုပ်ခဲ့ပေမယ့် လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခုဒုတိယအကြိမ်မြောက် ရေကြီးရေလျှံမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း ပြည်သူ ၂ယောက်လည်း သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ – KNU

0 Shares:
You May Also Like
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ခေါင်းဆောင်နှင့် အရာရှိများကို ဆဲဆိုဝေဖန်ခဲ့သည့် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်း အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

"ဇော်ဘုန်းဟိန်း ထောင် ၁၁ နှစ်ကျတာ မဖြစ်သင့်ဘူးတဲ့။ ဒါကိုတော့ ကိုယ် လက်ခံတယ်။ လုံးဝ ၁၁ နှစ် မဖြစ်သင့်ဘူး။ without ကားတွေ ဖမ်းမယ်ဆိုမှ without ကား စီးပြတာ။ လက်နက်တွေကို အရေးယူမယ်ဆိုမှ သေနတ်တကားကားနဲ့ TT ဆော့ပြခဲ့တာတွေ ရှိသေးတယ်။ အဲ့ကိစ္စနှစ်ခုအတွက် နောက် နှစ်မှု ထပ်ကပ်သင့်သေးတာ.... အဲ့နှစ်မှု ထပ်ကပ်ပြီး အားလုံး ထောင် ၁၂ နှစ် ခွဲလောက်ဆိုမှ ဖြစ်သင့်တာ..." လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားခဲ့ပါတယ်။