တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
“ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၂ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး။ ကျနော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် အရမ်းသုံးလို့လည်းမရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီး စကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်“ လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က စက်တင်ဘာ ၂၁ရက်က နေပြည်တော်မြို့တော်ခန်းမမှာ အလှူရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြည်တွင်းအလှူရှင်တွေက ကျပ် ၃၂ ဘီလျံကျော် ပေးအပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
ရရှိခဲ့တဲ့အလှူငွေဟာ ခန့်မှန်းထားတာထက်ပိုများနေတာကြောင့် အလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ရရှိလာတဲ့ ၃၂ဘီလီယံကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘယ်လိုဘယ်ပုံ အသုံးပြုသွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုလာခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ဟာ ပြည်ပက ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ အခက်အခဲတွေရှိခဲ့ကြောင်းကြောင်း မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
0 Shares:
You May Also Like
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ​ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းကို ခရိုင်အတွင်းလှုပ်ရှားနေသည့် တပ်ရင်းတပ်ဖွဲ့ ၈ခုဖြင့် စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ "မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း" ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်မှုထမ်းကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အလယ်ကုန်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး စိုးဝင်းဟာ ရွာခံတွေကို စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများကို အရေးယူသွားမယ်လို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့ ကသတိပေး

မကြာခင်ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူများကို အရေးယူမှုတွေပြုလုပ်သွားမယ်လို့ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီဆောင်ရွက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။