စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
တစ်ဆက်တည်းမှာပဲ NUG ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ INA&CCU နှင့် INA သင်တန်းသားများကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှINA&CCU မှာသင်ကြားနေတဲ့ဆရာဆရာမ(၁၄)ဦးအား တစ်ဦလျှင်(၂သိန်း)ကျပ်ဖြင့် စုစုပေါင်း..(၂၈သိန်း)ကျပ်၊INA တက်ရောက်ခဲ့သော၊တက်ရောက်နေသောသင် တန်းသား/သူ(၅၉)ဦး အတွက် တစ်ဦးလျှင် ၁ သိန်း ကျပ် ဖြင့် စုစုပေါင်း (၅၉သိန်း)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဆားလင်းကြီးက ကျေးရွာအများစုမှာ NUG ရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတွေ အဖြစ် လည်ပတ်နေပြီး NUG ရဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားလျက်ရှိတာပါ။
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ စင်မြင့်မှာ ဆက်လက် အသိအမှတ်ပြုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို  နိုင်ငံတကာပါလီမန်များအဖွဲ့က သူတို့ရဲ့ တရားဝင် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံရလို့ စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေး၊ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။