စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံဇီးပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း – Aung San Force -ASF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်သုံ့ပန်း (၃၀) ကျော်ကိုလည်း အရှင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီစခန်းသိမ်းစစ်ဆင်ရေးကို ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ မုံရွာ ခရိုင် တပ်ရင်း ( ၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ ) က ဦးဆောင်ပြီး ခရိုင် (ခရိုင်) ပကဖ ၊ မုံရွာခရိုင် တပ်ရင်း ၃၊ မုံရွာခရိုင် တပ်ရင်း ၂၄ တို့ ပူးပေါင်းစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းတွေအနေနဲ့ မြို့နယ်အတွင်းက ဒေသခံ တော်လှန်ရေးတပ်တွေ၊ မြို့နယ် ပအဖ၊ မြို့နယ် ပလဖ ၊ ခရိုင် ပကဖ တွေနဲ့ ဟန်ချက်ညီညီ လက်တွဲလျက် စည်းလုံးညီညွတ်စွာနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။
မုံရွာခရိုင် တပ်ရင်း (၇) ရင်းက ဦးဆောင်ကာ မြို့နယ်တွင်း စစ်ဆင်ရေးတွေကို ဦးဆောင် အကောင်အထည်ဖော်သွားမှာဖြစ်သလို စစ်ဘက်ဆိုင်ရာ သတင်း လုံခြုံရေးနဲ့ စစ်စည်းကမ်းတွေအရ အချို့တိုက်ပွဲ သတင်းတွေ မထုတ်ပြန်ခြင်း၊ လှုပ်ရှားဆောက်ရွက်နေမှုတွေ အသိမပေးခြင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ်တွင်း စစ်ရေးကိစ္စတွေ၊ စစ်ဆင်ရေးကိစ္စတွေကိုလည်း ချောင်းဦးမြို့နယ် တပ်ရင်းတွေနဲ့ ခရိုင်ပကဖ၊ မြို့နယ် ပအဖ၊ ပလဖ တွေ၊ မိတ်ဖက် Local တပ်ပေါင်းစုတွေ တပြိုင်နက် တပြေးညီ အသိပေးထုတ်ပြန်မှသာ အတည်ပြုမှတ်ယူကြဖို့ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း – Aung San Force -ASF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှ ထွက်လာသည့်စစ်ကြောင်း ထိခိုက်သေဆုံးများစွာဖြင့် ပေါက်ကို ရောက်ရှိကာ ပျူနှင့် စစ်တပ်အသိုင်းအဝိုင်း ဟန်ပြကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ ထိခိုက်သေဆုံးအများအပြားနဲ့ ပေါက်မြို့ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။