အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံး ခဲ့သူ ၅၆၇၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်အထိ ဖမ်းဆီး ချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၂၇၄၁၆ ယောက် ရှိပြီး အဲ့ဒီထဲက ၂၀၉၂၆ ယောက်ကတော့ ထိန်းသိမ်း ခံနေရဆဲဖြစ်သလို ထိန်းသိမ်းခံထားရသူတွေထဲက ၉၄၄၀ ယောက်က ထောင်ဒဏ်ချမှတ် ခံထားရ တယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်တွေက AAPP ကောက်ယူရရှိထားတာသာဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့အချက်အလက်နဲ ကိန်းဂဏန်းအရေ အတွက်တွေက အခုထက် ပိုမိုများပြားနိုင်တယ်လို့ AAPP က ဖော်ပြထားသလို အချက်အလက်တွေ ထပ်မံကောက်ယူရရှိလာရင်လည်း ဆက်လက်ထည့်သွင်းဖော်ပြသွားမယ်လို့ AAPP က ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်း သမား တွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူ တွေရဲ့ အချက်အလက်တွေကို သိရှိရရင်လည်း AAPP ကို ဆက်သွယ်ဖို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မတူပီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများကို CDF မတူပီကဖောက်လုပ်နေ (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ-၁) CDF-MATUPI (Brigade-1)အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမများ၊ရွာချင်းဆက်လမ်းများကို အကောင်ထည်ဖော်ဖောက်လုပ်/ပြုပြင် လျှက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။