မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြေပဲနုတ်သွားတဲ့အမျိုးသား ၁၈ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ရက် ၂၀ ကျော်လာချိန်အထိ မိသားစုနဲ့ အဆက်သွယ်လုပ်ခွင့်မပေးဘဲ တစ်နေရာဆီ ပို့ဆောင်လိုက်သလို ဒေသခံတွေကိုလည်း ဖိနှိပ်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်၊ မနက်ပိုင်းက ချောက်-ဂွေးပင် လမ်းပိုင်းပေါ်မှာရှိတဲ့ စွယ်ပေါက္ကံကျေးရွာဆီ မြေပဲနုတ်ဖို့ထွက်လာတဲ့ ဝန်လိုရွာနဲ့ ကူဖြူရွာက ဒေသခံတွေကို လမ်းမှာ စစ်ကောင်စီက ဖမ်းဆီးပြီး အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေကို ပြန်လွှတ်ကာ အမျိုးသား​တွေကိုဘဲ ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“ဝန်လိုရွာက အမျိုးသား ၁၆ ယောက်နဲ့ ကူဖြူရွာက ၂ ယောက်ဖမ်းသွားတာ။ လိုက်ပို့တဲ့ ကားသမားရော ပါတယ်။ ရက်ကြာပြီး ပြန်မလွတ်လာသေးလို့ ရွာအုပ်ချုပ်ရေးမှူးနဲ ဘုန်းကြီး ချောက်တပ်ထဲ သွားစုံစမ်းတော့ တောင်ကြီးကို ပို့လိုက်ပြီလို့ ပြောတယ်တဲ့၊ အခုက မြေပဲနုတ်ချိန်ဆိုတော့ စားဝတ်နေရေးအတွက်သာ မဖြစ်မနေလုပ်နေရတာ၊ ဒီလိုတွေဖြစ်တော့ အကုန်လုံး ကြောက်နေရတာပေါ့” လို့  ချောက်ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မကွေးတိုင်းထဲက ချောက်အပါဝင် ပွင့်ဖြူ၊ စလင်း၊ စေတုတ္ထရာနဲ့ မင်းဘူးစတဲ့ မြို့နယ်တွေမှာလည်း အရပ်သားလူငယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်မှုထမ်းခေါ်ဆောင်နေကာ ကျေးရွာတွေမှာ တစ်ရွာဘယ်နှယောက်ဆိုပြီး တောင်းတာမျိုးတွေလည်း ရှိပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၉ ရက်က ချောက်မြို့နယ်၊  တွင်းလပ်ကျေးရွာကိုလည်း အကြမ်းဖက်စစ်အုပ်စုတွေ ဓားပြဝင်တိုက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

“ရွာခံတွေက သတင်းမတင်ရဲဘူးဖြစ်နေတာ၊ ဘာလို့ဆို သူတို့ကို တိုက်တဲ့ ကုန်းကြီးပျူရွာနဲ့က ရွာချင်းကပ်နေတာဆိုတော့လေ။ ဖြစ်ပုံက စစ်ကြောင်းဝင်လာတာလို့ ပြောတယ်။ ကြေးနီလမ်းခွဲကနေ စစ်ကြောင်းထိုးလာတာပေါ့နော်။ ကုန်းကြီးရွာက တောင်ဘက်ဆို မြောက်ဘက်က တွင်းလပ်ပေါ့။ အရင်ကလည်း သူတို့(စစ်အုပ်စု) ရိက္ခာပြတ်ပြီဆို တွင်းလပ်ထဲခဏခဏ ရိက္ခာ လာ,လာရှာတယ်။ အဲ့ဒီနေ့ကလည်း ရွာထဲရှိတာ အကုန်ယူတာပေါ့။ အိမ်မွေးတိရိစ္ဆာန်တွေ​ရောပဲ။ ရွာခံတွေက တောင်သူတွေပါ။ သတင်းတောင် မထွက်ရဲကြဘူး။” လို့ ချောက်ဒေသခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အဲ့ဒီကုန်းကြီးရွာထဲတပ်စွဲထားတဲ့ စစ်အုပ်စုတွေက နရွှဲတောအုပ်စု၊ ကတိုင်ကျေးရွာထဲ ဝင်ရောက်ပြီး ရွာခံ ၁ ယောက်ကိုပစ်ခတ်ဖမ်းဆီးကာ ရွာခံနေအိမ်တွေကို ဖောက်ထွင်းရင်း သိန်းထောင်ချီတန်ဖိုးရှိ ရွှေ၊ငွေ၊ ကားနဲ့ဆိုင်ကယ်တွေပါ လုယက်ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချောက်မြို့နယ်၊ တောင်ဘက်ပိုင်းက ပြရွာ၊ ကံဝောာက်ကျောင်း၊ တုံရွာ၊ ထိန်းစမ်း၊ ဂွေးပင်လေ၊ ဂွေးပင်ကြီး၊ နရွဲဝောာ၊ ကတိုင်တောင်၊ ကတိုင်မြောက်၊ ကံသစ်ကုန်း၊ ရွာမ၊ ညောင်ဇင်စတဲ့ကျေးရွာနေထိုင်သူတွေကို ကံကြီးကုန်းရွာနေပျူစောထီးတပ်တွေ​က ချောက်မြို့ထဲ အထိရောက်တဲ့ ထိန်ကန် လမ်းခွဲခေါ် ကြေးနီလမ်းခွဲကို သွားခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

” ကြာပြီပိတ်ထားတာ။ ၅လပိုင်းလောက်ထဲကပြောရမယ်။ မြို့ထဲသွားဖို့ကို အခြားလမ်းရှိပေမယ့် ဝေးတယ်။ တော်တော်လေးပတ်သွားရတာပေါ့။ နောက်ပြီးအဲ့ပျူကုန်ကြီးရွာနားကအခြားရွာတွေကလည်း သူတို့ကြောက်လို့အပြင်သိပ်မထွက်ကြဘူး။ ပျူရွာအင်အားကလည်း ရာကျော်တယ်။ နောက်ပြီးချောက်နဲ့လည်းနီးတော့ ဒေသခံတပ်တွေလည်း မပိုင်သေးလို့ထင်တယ်။ ” လို့ ချောက်ဒေသခံက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သိမ်ဇရပ်မြို့၊ ခမရ ၂၀၇ ၏ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။