ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့  တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ERO နဲ့လူမျိုးစု ကိုယ်စားပြုကောင်စီ အဖွဲ့အစည်း ၉ခုက တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့အပေါ် အခြေခံပြီး ဖက်ဒရယ် နိုင်ငံအသစ်အတွက် တည်ဆောက်သွားမယ်လို့  KNU ၊KNPP နဲ့ CNF လိုတိုင်းရင်းသားလက်နက်ကိုင်တွေပါ၀င်တဲ့ အဖွဲ့အစည်း  ၉ဖွဲ့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

ပူးတွဲကြေညာတဲ့ အဖွဲ့အစည်း ၉ခုအဖြစ်ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB) တို့ပါ၀င်ခဲ့ကြတာပါ။

ပူးတွဲကြေညာချက်အတွင်း ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism)ကိုအခြေခံမူများနဲ့အညီ တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် အချုပ်အခြာအာဏာရဲ့မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များဟာတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ ပြီးအချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီး ကပ်ဆုံးအာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါ ပူးတွဲကြေညာချက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်တဲ့ စာအပေါ် အခြေခံကာ တန်ပြန်သည်ဟု ယူဆနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားလိုတဲ့ EAO/ERO များက ပူးတွဲကြေညာခြင်းဖြစ်တယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ကျပါတယ်။

0 Shares:
You May Also Like
Read More

ထီးထဗျူဟာကုန်းစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်းနှင့် ဂတ်(စ်)ပိုက်လိုင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၄ ဦး သေပြီး ဂတ်စ်ပိုက်လိုင်းစခန်းကို တော်လှန်ရေးတပ်များ ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် နွားထိုးကြီးမြို့မရဲစခန်း နဲ့ ဂတ်(စ်)ပိုက်လိုင်းစောင့် စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၄ယောက်သေဆုံးပြီး ဂတ်စ်ပိုက်လိုင်းစခန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီက အရပ်သားကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဦးစေတီပြိုကျပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။