မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဖြစ်တဲ့ ကပစ ၂၅ နဲ့ ကပစ ၂၁ တို့ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေကို စလင်းမြို့နယ် ပကဖက ဖြတ်တောက်နိုင်ခဲ့ရာ မီးလိုင်းတွေ ပြန်ပြင်ဆင်ဖို့အတွက် စက်တင်ဘာလ ၁၈ ရက်က အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ရောက်ရှိလာတာဖြစ်ပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း၊ Rocket တွေနဲ့ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၈ ယောက် သေဆုံးကာ ၁၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်ကြောင်းကတော့ စက်တင်ဘာလ ၁၈ ရက်မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ )နယ်မြေ(၃)၊ နယ်မြေ (၂) ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ သိန်းငှက်နက်၊ ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင် တပ်ရင်း(၁) နဲ့ မင်းဘူးခရိုင်တပ်ရင်း (၅)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်-ပြည် ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး အပူရှိန်များပြီး မီးလောင်၊ လူတွေထိခိုက်မှု မရှိခဲ့ 

ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ရပ်ကွက်ထဲ ဗိုလ်ကျသည့် တောင်ဒဂုံက အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံရ၊ သေဆုံးမှုများ ရှိနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်နေပြည်သူတွေအပေါ် အမြဲအနိုင်ကျင့်နေတဲ့ (၁၄၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။