ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့်ဒေသမှာ သောင်းနဲ့ချီတဲ့ မြို့ခံတွေဟာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ကို စတင်စွန့်ခွာလာပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ခြောက်မိုင်အကွာ ဆိုင်းတောင်ရွာမှာ တိုက်ပွဲပြင်းထန်နေသလို ဖားကန့်မြို့ပေါ်ကိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိလာလို့ ဒေသခံတွေဟာကြိုတင်ပြီ: စစ်ရှောင်လာကြခြင်းဖြစ်ပါတယ်။

အထူးသဖြင့် KIA နဲ့ စစ်ကောင်စီတို့ရဲ့ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ဖားကန့်ဒေသခံ သုံးသောင်းကျော်ဟာမြို့ကိုစွန့်ခွာနေပြီလို့ သိရပါတယ်။

လူဦးရေ ၆သောင်းလောက်ရှိတဲ့ဖားကန့်မြို့မှာ လူဦးရေထက်၀က်လောက်က မြို့ကိုစတင်စွန့်ခွာလာတာလို့ ဒေသခံတွေကဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသကို KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး ဖားကန့်မြို့ပေါ်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်စခန်း ၆ ခုလောက်သာ ကျန်ရှိတော့ပြီး မြို့သိမ်းတိုက်ပွဲဆင်နွဲလာတဲ့သဘောလည်း ဖြစ်ပါတယ်။

မြို့ပေါ်အထိ တိုက်ပွဲမဖြစ်ပွားသေးပေမယ့် ဖားကန့်မြို့ပေါ်မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်ရာနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို မြို့ပေါ်ရပ်ကွက်တွေကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုတွေ ရှိနေလို့ ဒေသခံတွေဟာကြိုတင်ပြီး စစ်ဘေးရှောင်လာခြင်းပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
Read More

အရက်ထွက်ဝယ်သည့် စစ်သားများ အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာတင် ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ပြုလုပ်နေသည့် စစ်ကောင်စီကြောင့် ကောလင်းတွင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီကနေ့ (ဧပြီလ၁၃) သင်္ကြန်အကြိုနေ့မှာလည်း မြို့အရှေ့ခြမ်း၊ ညောင်ကုန်းကျေးရွာဆီ ဂျက်ဖိုက်တာနဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ Kawlin Info က ပြောပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား ၂ ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။