မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု(၂) ရှိ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းတွေက ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၄ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြိုင်ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ စက်မှု(၂) က ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေပြီး ၄ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဆီက MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၄ ခုတို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၁ က ထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်ကို ပစ်ခတ်ချိန်နဲ့ လက်နက် သိမ်းဆည်းချိန် တစ်မိနစ်အတွင်းသာ အမြန်အဆန် လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ အမြန်ဆုံး တိုက်ပွဲ ဖော်ဆောင်ကာ အောင်ပွဲရယူနိုင်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ကျုံဒုံး ထိတွေ့တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

ပုလောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုမှာ ဝိုင်းဝန်းကူညီဆောင်ရွက်မယ်လို့ NUG နဲ့ K2C ကထုတ်ပြန်

မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ တင်ပြထားမှုကို ဝိုင်းဝန်းအကောင်အထည်ဖော် ကူညီဆောင်ရွက်ပေးမယ်လို့ NUG နဲ့ K2C(KNU၊ KNPP၊ CNF)တို့ က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။