ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မနက် ၇နာရီလောက်က အရပ်ကားတွေနဲ့ လာရောက် ကာ သယောင်ချောင်းသုဿန်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ပုသိမ်မြို့ အမှတ်၅ရပ်ကွက် သစ္စာလမ်းမှာရှိတဲ့ အကြမ်းဖက် ရဲသတင်းနဲ့ ရဲတပ်ဖွဲ့ SB ရုံးကို ဒီနေ့မနက် ၇နာရီလောက်က အရပ်ကား ၅စီး၊ ဒိုင်နာကား ၁စီး၊ Light Truck ၃စီး၊ ဖင်ကောက်ကား၁စီးနဲ့ အရပ်ဝတ်တွေနဲ့ လာသယ်သွားတယ်။ ပုသိမ်မြို့မှာရှိတဲ့ သယောင်ချောင်း သဂြိုလ်စက်မှာ မီးသဂြိုလ်လိုက်တယ်” လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“လူအသိမခံဘဲ သဂြိုလ်လိုက်တာပေါ့။ နာရေးချတဲ့အချိန်လည်းမဟုတ်။ ဘာအသံမှလည်းမကြား တိတ်တဆိတ် လုပ်သွားတာပေါ့။ အကြမ်းဖက်တွေရဲ့ နောက်ဆုံးသွားရာလမ်းပဲလေ။ အခုလိုသေတဲ့အချိန်မှာတောင် လူအသိမခံရဲဘဲ သူတို့အကြမ်းဖက် ရဲအချင်းချင်း အကြမ်းဖက်စစ်သား အချင်းချင်း မီးသဂြိုလ်တာတွေကတော့ ရိုးနေပါပြီ။ ဒါကိုလည်း အမြင်မှန်မရကြသေးဘဲ ပြည်သူတွေအပေါ် နှိပ်စက်နေကြတုန်း”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီး မင်းမင်းကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မအူပင်မြို့အဝင်အထွက် မအူပင်တံတားဂိတ်မှာ လုံခြုံရေးတာဝန်ကျရင်း အချင်းချင်း အဝေမတည့်လို့ စကားများကြရာကနေ စစ်ကောင်စီတပ်သားအချင်းချင်း သေနတ်နဲ့ပစ်လို့ သေဆုံးမှု ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ – ရဲအချင်းချင်း ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီး မင်းမင်းနဲ့ သယောင်ချောင်းသုဿန်

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

တောင်တွင်းကြီးတွင် စစ်တပ်သတင်းပေး လုပ်ဆောင်မှု၊ ပြည်သူကို အနိုင်ကျင့်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အပေါင်းအပါများကို ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အပေါင်းအပါတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။