ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ဟိန်ထက်ကိုကိုဟာ AM2 စက်ကလေး၂ နှစ်လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည်
ငါးကြင်းမြှီး ကျည်ခါးပတ်နှစ်တွဲနဲ့အတူ ZFU /PDF Zoland ဆီ အလင်းဝင်လာခဲ့တာလို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစွမ်းကုန် ကြိုးပမ်းကာကွယ်သွားမယ်လို့ TNLA ပြော

TNLA က လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ထပ်မံအခြေမစိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားရမယ်လို့ PSLF/TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။
Read More

မိုင်းလုံမြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ယောက် ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ဗျူဟာ (၇) ၊ တပ်ရင်းအမှတ် (၂၈) ရဲ့ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ ဗျူဟာအမှတ် (၇) ၊ တပ်ရင်းအမှတ် (၂၈) က တပ်ဗိုလ် တပ်မှူးတွေနဲ့ ရဲဘော်ရဲမေတွေ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် တနေ့တခြား စစ်ရေး ပိုမိုပြင်းထန်လာသည့်အတွက် ပြည်သူများ သတိပြုရန် MDY PDF အသိပေး

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ထိုင်း – မြန်မာနယ်စပ် မြဝတီနှင့်ကော့ကရိတ်သို့ စစ်ကူအများအပြား ပို့ဆောင်နေ 

အကြမ်းဖက်စစ်တပ်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ်ကတဆင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနဲ့ ကော့ကရိတ်မြို့ကို စစ်ကူအင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။